နေပြည်တော်မှာ ကျင်းပပြုလုပ်သော Myanmar Software Showcase 2015 ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကလေးတို့ရွာ ပညာရေးဂိမ်းများကို ဝမ်းမြောက်စွာ မိတ်ဆက်ပြသခွင့်ရခဲ့ပါတယ်။ ထွက်ရှိထားပြီးသော ဂိမ်း (၄)ခု နှင့် နောက်ထွက်ရှိရန် ရည်ရွယ်ထားသော (၉) တန်း Biology app ပါ ပြသခဲ့ပါတယ်။ သမ္မတကြီးဆီမှ အခုလို ပညာရေးအထောက်ကူပြု ဂိမ်းများကို ကြိုက်နှစ်သက်ကြောင်းနှင့် ကျောင်းသား ကျောင်းသူများ အတွက် များစွာအသုံးဝင်ကြောင်း သိရှိရတဲ့အတွက်လည်း ကလေးတို့ရွာမှ အရမ်းကို ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒီပွဲကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးသော သက်ဆိုင်ရာ လူကြီးများအားလုံးနှင့် လာရောက်ကြည့်ရှူ့ကြသော ကျောင်းသား ကျောင်းသူများကို ကျေးဇူးအထူးပင် တင်ရှိပါတယ်။
No comments:
Post a Comment