မနက်ဖြန်မှစ၍ ကျင်းပ ပြုလုပ်မယ့် CommuniCast 2014 Myanmar တွင် IT နည်းပညာများနှင့် ပတ်သက်သော ကုမ္ပဏီပေါင်း ၉၀ ကျော် အပြင် "ကလေးတို့ရွာ"မှ ဂိမ်းများကိုလည်း ပါဝင်ပြသမှာဖြစ်လို့ မိတ်ဆွေများကို လာရောက်လေ့လာရန် ဖိတ်ခေါ်လိုက်ပါတယ်။
ဒီပွဲမှာ ကလေးတို့ရွာတွင် နောက်ထပ် ထွက်ရှိတော့မယ့် သူငယ်တန်း မြန်မာစာ ဂိမ်း (Grade 1 - Myanmar) နှင့် စာရိုက်လုလင် (Typing Dash) လို့ခေါ်တဲ့ ဂိမ်းအသစ်များကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ထွက်ရှိပြီးသားဂိမ်းတွေဖြစ်တဲ့ Learn Writing(လက်ရေးလှ) နှင့် Grade 1- English (သူငယ်တန်း အင်္ဂလိပ်စာ) တို့ရဲ့ Full Version ဆော့နိုင်မည့် ဂိမ်းအဆင့်မြှင့် "ခဲခြစ်ကဒ်" များကိုလည်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။ "ကလေးတို့ရွာ" ကို Stand no. D1 မှာ လာရောက်လေ့လာနိုင်ပါတယ်။
ဖုန်းဘေလ် မှ ငွေလွှဲ၍ ၀ယ်ယူရန် အဆင်မပြေသော မိတ်ဆွေများ ဒီပွဲလေးမှာ လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။
ကျင်းပမည့် ရက် - ၁၈.၁၁.၂၀၁၄ (အင်္ဂါ) မှ ၂၀.၁၁.၂၀၁၄ (ကြာသပတေး)
ကျင်းပမည့် အချိန် - နံနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ
ကျင်ပမည့် နေရာ - Myanmar Event Park (MEP)
ကလေးတို့ရွာဂိမ်းများ၏ တိုက်ရိုက် ဒေါင်းလုပ် လင့်ခ် "http://downloads.joydash.com/"
ကလေးတို့ရွာ၏ Facebook လင့်ခ် "https://www.facebook.com/childrenvillagegames"

No comments:
Post a Comment