Monday, March 16, 2015

ကလေးတို့ရွာ၏ သူငယ်တန်း မြန်မာစာ ဂိမ်း အသစ်ထွက်ရှိ (Grade 01 Myanmar Game)

ကလေးတို့ရွာရဲ့ သူငယ်တန်း မြန်မာစာ (Grade 01 Myanmar) ထွက်ရှိလို့လာပါပြီ။ ဂိမ်းထဲတွင် ဖတ်စာများ၊ ကဗျာများ ကို ချစ်စရာရုပ်ပုံလေးများနှင့်အတူ ကလေးငယ်များ အတူတကွ ရွတ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ပျော်ရွှင်စရာ ဥာဏ်စမ်းဂိမ်းကစားနည်း မြောက်များစွာလည်း ပါဝင်ပါတယ်။

downloads.joydash.com တွင်လည်း တိုက်ရိုက် Download ပြုလုပ်နိုင်ပါတယ်။ 
Google Play Store တွင် Download လုပ်ရန် @ http://goo.gl/Bf2Z7l 


သူငယ်တန်း မြန်မာစာ ဂိမ်းလေးနဲ့အတူ ပျော်ရွှင်စရာနေ့ရက်လေးကို ဖြတ်သန်းလိုက်ကြရအောင်နော်

သူငယ်တန်း မြန်မာစာဂိမ်းလေးရဲ့ ပထမဆုံး မြင်ရမယ့် ပုံစံလေးပါ။ ဂိမ်းထဲမှာ ဖတ်စာများ ၊ ကဗျာများ နဲ့ ဥာဏ်စမ်းဂိမ်းများစွာ ပါဝင်ပါတယ်။ smile emoticon
ပညာ ရသ ရစေမည့် ဖတ်စာ၊ ကဗျားများနှင့် ဂိမ်းမြောက်များစွာကို ကို ပျော်ရွှင်စွာ ဆော့ကစားနိုင်မှာပါ။ smile emoticon
ဖတ်စာများ၊ ကဗျာများကို လှုပ်ရှားသော ရုပ်ပုံလေးများ နှင့် ရွတ်ဆိုသံများပါဝင်ပါတယ်။ ကလေးငယ်များလည်း ချစ်စရာရုပ်ပုံလေးများနဲ့ အတူ လိုက်ပြီး ရွတ်ဆိုနိုင်ပါတယ်။ smile emoticon
ဖတ်စာ နှင့် ကဗျာများတွင် ရွတ်ဆိုသံများ ပါဝင်ခြင်းကြောင့် ကလေးငယ်များ မှတ်သားရလွယ်ကူစေမှာဖြစ်ပါတယ်။ smile emoticon
ဥာဏ်စမ်းဂိမ်းပေါင်း (၈၀) ကျော်ကိုလည်း ပျော်ရွှင်စွာ ကစားနိုင်မှာဖြစ်ပါတယ်။ smile emoticon
 

Myanmar International Franchise & SME Expo

တပ်မတော်ပြခန်းတွင် (13.3.2015 to 15.3.2015) အထိ ၃ရက်ကြာ ကျင်းပခဲ့သည့် Myanmar International Franchise & SME Expo ပွဲတွင် ‪#‎Booth_No_D90‬ မှာ ကလေးတို့ရွာမှ ပါဝင်ပြသခဲ့ပါတယ်။ သူငယ်တန်း မြန်မာစာ ဂိမ်းအသစ်လေးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ကလေးတို့ရွာရဲ့ ပညာရေးဂိမ်းများကို စိတ်ဝင်စားစွာ လာရောက် ကြည့်ရှုသူများနှင့် ဝယ်ယူအားပေးကြသော မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ 
ကလေးတို့ရွာ အပြင်ဆင်လေးပါ
ကလေးတို့ရွာ အပြင်ဆင်လေးပါ
ကလေးတို့ရွာ အပြင်ဆင်လေးပါ
ကလေးတို့ရွာ အပြင်ဆင်လေးပါ